Trending: 11Dreams

2010-09-04

Free Web Hosting Services

Originally Posted by openeyes 
ကျွန်တော် wordpress နဲ ့ ဘလော့ထားတာလေးကို Hosting တင်ဖို ့ အခက်အခဲဖြစ်နေလို ့ ညီအကိုမောင်နှမများ ကူညီပေးကြပါဦးနော်... -လတ်တလောအသုံးပြုဖို ့ရနိုင်ပြီးတော့ Disk space များများလေး ရရင်လိုချင်ပါတရ်ခင်ဗျာ... တွေ ့သမျှဆိုက်တွေကလဲ အဆင်မပြေလို ့ပါ.... ကူညီပေးကြပါဦး.... ကျေးဇူးအများကြီးတင်ပါတရ်....
Wordpress blog တွေကို self-hosted လုပ်ဖို့ အတွက် Free ရတဲ့ web hosting services တွေဆိုတာ တော်တော်လေး ရှာရ လက်ပေါက်ကပ်ပါတယ်။ အရင် သူများတကာ ညွှန်ထားတာတွေ လိုက်လုပ်ကြည့်တာ စစချင်းတော့ ကောင်းပေမယ့် နောက်ပိုင်းကျတော့ ပြဿနာက အနဲနဲ့ အများ ရှိလာတာ ချည်းပါပဲ - ဒါက ညွှန်ပြတဲ့သူ အပြစ် မဟုတ်ပါဘူး - Free ရတဲ့ web hosting services ဆိုတာ သူတို့လည်း ပိုက်ဆံလိုချင်လို့ အမြည်းချကျွေးတဲ့ သဘောမျိုးပါ - ကိုယ်က အမြည်းချည်း ထိုင်စား နေရင်တော့ ကန်လွှတ်မယ် ဆိုတဲ့ သဘောမျိုးပါပဲ -

ဒါပေမယ့် ကို openeyes အနေနဲ့ Free ရတဲ့ web hosting services ကို စိတ်မကုန်သေးဘူး ဆိုရင်တော့ သုံးဖို့ အဆင်ပြေလောက်မယ့် web hosting services တစ်ချို့နဲ့ ကျွန်တော် မိတ်ဆက်ပေးလိုက်ပါ့မယ်။ ကျွန်တော်ကိုယ်တိုင်လည်း လတ်တလောမှာ အဲ့ဒီ့တွေမှာပဲ Wordpress blog တွေ လုပ်ထားပါတယ်။ ကျွန်တော်ကတော့ Blog သာ ရှိတာပါဗျာ - စမ်းတဲ့ သဘောလောက် လျှောက်လုပ်တာပါ - ဟုတ်တိ ပတ်တိ ရေးတာမျိုး မရှိတော့ ဘယ်လောက်ထိ ကောင်းတယ် ဘာတယ် ဆိုတာတော့ တပ်အပ်ကြီး ပြောမပြနိုင်ပါဘူး - free ရတဲ့ web hosting services တွေကို search engines တွေကလည်း ရှာဖြွေကည့်နိုင်ပါတယ်။ ဒါပေမယ့် ကိုopeneyes လည်း သိတဲ့ အတိုင်း အဲလိုရှာလိုက်ရင် တွေ့တာတွေတော်တော်များများက အသုံးမဝင်တာတွေ တော်တော်များများပါတယ်။

အဲ့ကြောင့်မို့ ကျွန်တော် ခုဖော်ပြပေးသွားမယ့် web hosting services တွေဟာ ကျွန်တော် စမ်းသုံးခဲ့ဖူးသမျှ ထဲက သုံးရလည်း လွယ်ပြီး Free လည်း ရတဲ့ web hosting services တွေကို လမ်းညွှန်ပေးသွားမှာပါ။ စမ်းသုံးကြည့်ပါ။ အဆင်ပြေတယ် ဆိုရင် တစ်ခြား ကိုopeneyes လို အသုံးလိုနေတဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုလည်း ဝေမျှ ပေးလိုက်ပါ။

အဲတော့ ကျွန်တော်တို့ free ရတဲ့ web hosting services တွေကို မစမ်းသပ်ခင်မှာ ဘယ် အချက်တွေပေါ် မူတည်ပြီး ဒီ hosting services တွေကို ကောင်းမကောင်း ဘယ်လိုသုံးသပ်တယ် ဆိုတာလေး အရင် ဖော်ပြပေးပါ့မယ်။ ကျွန်တော်တို့က free လိုချင်တာ ဆိုတော့ အရမ်းကြီး တောင်းဆိုလို့လည်း မရဘူးပေါ့လေ - သူပေးထားတာတွေထဲကမှ hosting services တွေကို တစ်ခုပြီး တစ်ခု နိှုင်းယှဉ်ကြည့်ပြီး ကိုယ်လိုချင်တာနဲ့ ဘယ်ကောင်က အကိုက်ညီဆုံး ဖြစ်မလဲ ဆုံးဖြတ်ရမယ့် သဘောမျိုးပေါ့ - တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူညီကြလို့ ကျွန်တော် သဘောကျတာတွေကို တစ်ခြား သူတွေ သဘောကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ဘာကြောင့် သူတို့ကို ရွေးချယ်တယ် ဆိုတာ အကျဉ်းဖော်ပြပေးသွားပါ့မယ်။



ပထမဆုံး အနေနဲ့ web hosting services ဆိုတာမျိုးက အသုံးပြုဖို့ လွယ်ကူရပါမယ်။ Service တွေက တစ်ခုနဲ့ တစ်ခု ပေးတာချင်း မတူတတ်ပေမယ့် ပုံမှန်အားဖြင့် web hosting services တစ်ခုမှာ ကျွန်တော်တို့ မဖြစ်မနေ ပါမပါ ကြည့်ရမှာက -

* Installer script လို့ ခေါ်တဲ့ Wordpress သမားတွေ အတွက် automatic installation ( နောက် တစ်ခြား server-side applications တွေ )
* နောက် web management အတွက် အသုံးပြုရ လွယ်ကူစေမယ့် control panel ပါဝင်မှု
* MySQL နဲ့ PHP latest version ဒါမှမဟုတ် ( အနည်းဆုံးတော့ သိပ် Old မဖြစ်တဲ့ဟာ )
* Files တွေကို upload နဲ့ delete လုပ်ဖို့ FTP access ရမရ
* ကိုယ့်ရဲ့ own domain သုံးလို့ ရမရ ( ဒါမှ ကျွန်တော်တို့ CO.CC တို့ တစ်ခြား Personal Domain တွေ အသုံးချနိုင်ပါမယ်။ )

နောက်တစ်ချက် ကြည့်ရမှာက Free ပေးတယ် ဆိုတဲ့ အချက်ပါ။ များသောအားဖြင့်တော့ သူတို့က Free - Free လို့သာ ပြောတာ တကယ်တော့ အမှန်တကယ် Free မဟုတ်တာ များပါတယ်။ Services တစ်ချို့က free hosting လို့ အမည်ခံပြီး ကြော်ငြာတွေ ထည့်တယ်။ တစ်ချို့ကျတော့ free hosting လို့ အမည်ခံပြီး တကယ်တမ်း သွားလုပ်တော့ activation မပေးဘူး - တစ်ချို့ကျတော့ free hosting လို့ အမည်ခံပြီး သူ့ဆီက Services မရသေးခင် တစ်ခြား ဖိုရမ် တစ်ခုခုမှာ ပို့စ် အရေအတွက် ဘယ်လောက် အနည်းဆုံး တင်ပြီးသား ဖြစ်ရမယ် ဆိုတာမျိုးတွေကလည်း လာပါသေးတယ်။ ဒါတွေက ကိုယ်တွေ့ပါ။ ဒါ့ကြောင့် ခု ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်နိုင်မယ့် free hosting တွေကို ညွှန်ပေးကြည့်ပါမယ်။

တတ်နိုင်သလောက် features အများဆုံး - disk space ပမာဏ အများဆုံး - monthly data transfer ( bandwidth ) အများဆုံး နဲ့ customer service နဲ့ technical support ရနိုင်မယ့် Hosting မျိုးကို အဓိက ထားရွေးပြီး ဖော်ပြပေးထားပါတယ်။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ရင် Free ဆိုတာကိုတော့ မမေ့ပါနဲ့ - Free ဖြစ်တဲ့ အတွက် အနည်းနဲ့ အများတော့ စိတ်ကသိကအောက် ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။

ဒီအောက်မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ ကြိုက်ရာ ကိုသာ ကိုယ့်ဘာသာ နိှုင်းယှဉ်ဆုံးဖြတ်ပြီး သုံးစွဲကြည့်ပါ။

Zymic

* 5 GB disk space per account with unlimited account per users
* 50 GB of monthly data transfer


XtreemHost

* 5.5 GB disk space
* 200 GB of monthly data transfer


Hosting-Engine

* 150 MB disk space
* 4 GB of monthly data transfer


Host-Ed

* 150 MB disk space
* 4 GB of monthly data transfer


Freehostia

* 250 MB disk space
* 6 GB of monthly data transfer


PhpNet

* 350 MB disk space
* 15 GB of monthly data transfer


000Webhost

* 1.5 GB disk space
* 100 GB of monthly data transfer


ကျွန်တော် ခု ဖော်ပြခဲ့သလောက်ဆို ကို openeyes ရဲ့ (Wordpress) blog အတွက် အတိုင်းအတာ တစ်ခုထိ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် ဖော်ပြခဲ့တာတွေထက် ကောင်းမယ့် တစ်ခြား Free Hosting တွေလည်း ရှိကောင်းရှိပါလိမ့်ဦးမယ်။ သိတဲ့ သူများလည်း ဝိုင်းဝန်းဝေမျှ ပေးကြပါဦး။ အဆင်ပြေပါစေ ကိုopeneyes -

KznT.

1 Responses to “Free Web Hosting Services”

skyjone said...
August 16, 2011 10:13 AM

supra sneakers
Heel protection is molded into high memory polyurethane sockliner. It provides entire foot impact resistance, optimal shoe flex, and board feel by the exclusive Supra Foam midsole. Supra is now available in hundreds of specialty online shop worldwide and still keeps its exclusivity with limited releases that keeps fans coming back for more seasons after season. But store can provide good services, welcome to choose your favorite items. If you buy the goods in a large number, we will offer you free shipping and fast delivery 7-9 days to your door.


Post a Comment

All Rights Reserved 11Dreams | Blogger Template by Bloggermint