Trending: 11Dreams

2010-09-03

Make your Windows Start-up Faster

ကျွန်တော်လည်း စာမရေးဖြစ်ဘူးဗျာ - အဓိကကတော့ ပျင်းတာဗျ - လူတစ်ယောက်အတွက် ကြောက်ဖို့ အကောင်းဆုံး ရောဂါက အပျင်းရောဂါလို့ ကျွန်တော်တော့ ထင်တာပဲ - အဲ့ ရောဂါက ( ၄ ) ရက်လောက်ဖျားပြီး နောက်ပိုင်း ဆက်တိုက်ဆက်ဝင်သွားတော့ ပေါင်းလည်း ပေါင်းလိုက်ရော တစ်ပတ်လောက် ရောဂါက မပျောက်တော့ သလို ဖြစ်သွားတယ် - စာဆိုတာကလည်း တစ်ခါတစ်လေ စိတ်ကူးပေါက်ရင်တော့လည်း ဘယ်လောက် ရှည်အောင် ရေးရ ရေးရ ရေးရတာ မပျင်းဘူး - ခုကျတော့ တစ်ခြား အလုပ်ကိစ္စလေးတွေက တစ်ဖက် ပျင်းရောဂါက တစ်ဖက်နဲ့ ဆိုတော့ ဒီဘက်မှာ စာတစ်မျက်နှာ လောက် ရေးရမှာကိုကို လှည့်မကြည့်ချင်ဘူး - ဆိုးတယ် အဲ့ရောဂါ -

ခုတော့ အဲ့ အပျင်းရောဂါကို ကုစားနိုင်ဖို့ ပထမ ခြေလှမ်း ပြန်ချကြည့်လိုက်ပါပြီ။ ဟုတ်ကဲ့ ရေးနေကျ အတိုင်း တောင်မရောက် မြောက်မရောက် နည်းပညာ အကြောင်း တောက်တိုမယ်ရလေးတွေ စပါဦးမယ်။

ကျွန်တော်တို့ ကွန်ပြူတာဗျာ တင်ထားတာတော့ Microsoft Windows - ကိုယ်ကိုယ်တိုင်ကလည်း ကွန်ပြူတာဆို ဂဃနဏ သိပ်ပြီးတော့ မသုံးတတ် - လေ့လာချင်စိတ်လည်း သိပ်မရှိလှ - ခုနောက်ပိုင်း သတိထားမိသလောက် ကျွန်တော့် ကွန်ပြူတာ အထတော်တော်နှေးလာတယ် - ဖွင့်လိုက်ရင် တော်တော်လေးနဲ့ Windows က တက်မလာဘူး - ကလယ်ကလယ်နဲ့ ဘာတွေ ဖြစ်နေမှန်းလည်း မသိ - အဲတာလည်း ပြေလည်ချင်တာဗျာ - ဘယ်လိုလုပ်ရင်ကောင်းမလဲ ??

ဟုတ်ကဲ့ ဒီလို ပြဿနာမျိုးက ကိုယ်တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ပါဘူး - ကျွန်တော်တို့ အားလုံး ကြုံနေရတာပါ - ခုလို ဖြစ်နေတဲ့ ပြဿနာကို Windows ကို Re-install လုပ်ရင် ဖြစ်ဖြစ် - တစ်ခြား New Hardware တစ်ခုခု ထပ်ဆောင်းတပ်လိုက်ရင် ဖြစ်ဖြစ် အလွယ်တကူ ပြေလည်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို အထနှေးတိုင်းသာ Windows ကို Re-install လုပ် - New Hardware တစ်ခုခု ထပ်ဆောင်းတပ် ဆိုရင် ကျွန်တော်တို့အတွက် သိပ်အဆင်မပြေလှပါဘူး - အထနှေးတာကို တိုက်ဖျက်ဖို့ဆိုပြီး အင်တာနက်ထဲမှာ စာအုပ်တွေထဲမှာ ဟိုဟိုဒီဒီရေးထားတဲ့ နည်းလမ်းပေါင်း မြောက်များစွာ ရှိပေမယ့် ကျွန်တော် အပါအဝင် တော်တော်များများက အဲလောက်ထိ ဘယ်သူမှ တကူးတက လိုက်မပြင်နိုင်ကြပါဘူး - အဲတော့ အဆင်အပြေဆုံး ဖြစ်နိုင်မယ့် နည်းလမ်းကို ကျွန်တော် စဉ်းစားကြည့်တယ် - ကွန်ပြူတာ အဖွင့်မှာ အထနှေးတာ ဘာကြောင့်လဲ - ဇစ်မြစ်သိရင် ပြင်ဆင်နိုင်မယ့် အဖြေရှိကောင်း ရှိနိုင်မယ် မလား - အဲတော့ ဒီပြဿနာရဲ့ အဓိက ဇစ်မြစ်ဟာ စက်စဖွင့်တာနဲ့ ကျွန်တော်တို့ သတိမထားမိပဲ အလိုလျောက် Run ခိုင်းထားတဲ့ programs နဲ့ services တွေ များနေလို့ပါ။ ဘာတွေ Run ခိုင်းထားမိလည်းဆိုတာ အကြမ်းဖျဉ်း သိချင်ရင် Windows အတက်မှာ System Tray ကို တစ်ချက်ကြည့်ကြည့်လိုက်ပါ။ အဲမှာ ရှိနေတဲ့ icons တွေက start-up မှာ Run ခိုင်းထားတဲ့ Programs တြွေဖစ်ပါတယ်။ ဒါက အထနှေးနေရခြင်းရဲ့ အဓိက ဇစ်မြစ်ပါပဲ။ ဒါကို တိုက်ဖျက်ဖို့ ဆိုရင် အဲ့ဒီ့ System Tray ထဲမှာ ပေါ်နေတဲ့ icons list တွေကို ဖျက်ထုတ် ပစ်နိုင်ဖို့လိုပါတယ်။ အဲမှာ ပေါ်နေတဲ့ icons တွေကို များများလျော့ချနိုင်လေ Start-up time က သိသိသာသာ မြန်လာလေ ဖြစ်ပါတယ်။ အဲလို ဖျက်ထုတ်နိုင်ဖို့ဆိုတာ နည်းနည်းပါးပါး တောင်ကလိမြောက်ကလိ လုပ်တတ်တဲ့ လူတွေ အတွက် အဆင်ပြေပေမယ့် သာမန် အသုံးပြုသူ တစ်ယောက်အတွက်တော့ အခက်အခဲလေး နည်းနည်း ရှိနိုင်ပါတယ်။ သူတို့အတွက် Options တွေ အများကြီး မပြပဲ တစ်နည်းတည်းနဲ့ အဆင်ပြေနိုင်အောင် ကျွန်တော်တို့ ဘယ်လို လမ်းညွှန်နိုင်ပါမလဲ ??


အဲတာကို တွေးရင်း တွေးရင်း ဟိုတစ်နေ့က အင်တာနက်ထဲ တောင်ကြည့်မြောက်ကြည့် လျှောက်ကြည့်တော့ ကံကောင်း ထောက်မစွာနဲ့  Soluto ဆိုတဲ့ free utility တစ်ခုကို တွေ့မိတယ်။ သူပြောထားတာတော့ Start-up time ကို သိသိသာသာ မြန်လာစေမယ် ဆိုပဲ - ဒါပေမယ့် မစမ်းပဲနဲ့တော့ သိပ်မယုံချင်ဘူး - အဲတာနဲ့ စမ်းသုံးကြည့်လိုက်တော့ တကယ်ပဲ သုံးလို့ အဆင်ပြေတာ သတိထားခဲ့မိပါတယ်။ သူက Windows ကွန်ပြူတာရဲ့ Start-up time ကို 3.15 minutes လောက်ကြာ နေရာကနေ 1.25 minutes လောက်ထိ လျော့ချနိုင်ခဲ့ပါတယ်။ သုံးရလည်း လွယ်ပြီး ဘာမှ နည်းပညာပိုင်းတွေ အတွေးအခေါ် အယူအဆတွေ မပါပါဘူး။



Soluto ကို ကျွန်တော်တို့ install လုပ်ပြီးတာနဲ့ သူကနေပြီး start-up programs တွေကို အပိုင်း သုံးပိုင်း ခွဲထုတ်လိုက်ပါတယ်။ 
  • No-brainer – ဒီအပိုင်းမှာ ရှိနေတဲ့ programs တွေက နှစ်ခါပြန်တွေးမနေပဲ start-up ကနေ ဖြုတ်ထုတ်ပစ်ရမယ့် programs တွေပါ။
  • Potentially removable – ဒီအုပ်စုထဲမှာ ပါတဲ့ ကောင်တွေကလည်း start-up ထဲမှာ ပါနေတဲ့ programs တွေပါပဲ။ ဒါပေမယ့် သူကတော့ ကိုယ်တကယ် အသုံးလိုသလား မလိုသလား ဆိုတာတစ်ချက် ကြည့်ပြီး ဖြုတ်ပစ်နိုင်ပါမယ်။
  • Required – ဒီအုပ်စုကလည်း start-up ထဲမှာ ပါနေတဲ့ programs တွေပါပဲ။ ဒါပေမယ့် ဒီ programs နဲ့ services တွေက Windows ကို ပုံမှန် Run နိုင်ဖို့ အတွက် ဖြုတ်ထုတ်ပစ်လို့ မရပါဘူး - ဒီအတိုင်းထားထားရမှာ ဖြစ်ပါတယ်။
ကိုယ်တွေ့နေရတဲ့ software app ပေါ် မူတည်ပြီး start-up မှာ အတူတက်လာတဲ့ programs တွေကို “Pause”  လုပ်ပြီး start-up ကနေ လုံးဝ ဖြုတ်ထုတ်ပစ်လို့ ရသလို “Delay” လုပ်ပြီး start-up မှာ ချက်ချင်း Run မခိုင်းပဲ နောက်ပိုင်း System idle ဖြစ်တဲ့ အချိန်ကျတော့မှ Run ခိုင်းလို့လည်း ရပါတယ်။


Soluto ကိုယ်ရွေးချယ် ထားတဲ့အတိုင်း “delayed” လုပ်ထားတဲ့ app တွေကို boot နဲ့ အတူ မ Run တော့ပဲ နောက်ပိုင်း Boot ကျော်ပြီး System idle ဖြစ်တဲ့ အချိန်ကျတော့မှ စ Run ပေးပါလိမ့်မယ်။ 



ဒါတင်မက ကိုယ့် mouse ကို ကြိုက်ရာ Program တစ်ခုခုပေါ် ရွှေ့တင်လိုက်တာနဲ့ program name နဲ့ အတူ start-up ထဲမှာ သူ့ကို ထည့် Run ခိုင်းလိုက်တာနဲ့ start-up time ဘယ်လောက်ကြာမယ် ဆိုတာကိုပါ ဖော်ပြပါလိမ့်မယ်။ ကိုယ်က တစ်ခုခု အမှားလုပ်လိုမှာမျိုးကိုလည်း တွေးပြီး စိုးရိမ်ဖို့ မလိုပါဘူး - ဘာပဲ လုပ်ခဲ့လုပ်ခဲ့ အားလုံးကို Soluto က “Undo all”  ပြန်လုပ်လို့ ရပါတယ်။ “Undo all” က ကိုယ်ဘာပဲ ပြင်ထားထား start-up list ကို နဂိုအတိုင်း ပြန်ပြောင်းထားပေးပါလိမ့်မယ်။




အဲလို ပြင်ဆင်စရာ ရှိတာလေးတွေ start-up programs list မှာ ပြင်ဆင်ပြီးပြီ ဆိုတာနဲ့ ကိုယ့် ကွန်ပြူတာကို reboot ပေးလိုက်ပါ။ အဲမှာ Start-up time တွေ ဘယ်လောက် ခြားနား သွားတယ်ဆိုတာ သတိထားမိပါလိမ့်မယ်။ 


Soluto ကို ဘယ်မှာ ယူရမလဲ ??


Soluto ရဲ့ official site soluto.com ပါ - ဒါပေမယ့် Program ကို Download လိုချင်တာ ဆိုရင်တော့ ဒီနေရာက ယူရပါမယ်။


Soluto ကဲ့သို့ အခြား Apps များ


Soluto လိုမျိုး တစ်ခြား သုံးဖို့ သင့်တော်တဲ့ Apps လေးတွေ အကြောင်းကို ဆက်စပ် ဆွေးနွေးရရင် Microsoft ကနေ ထုတ်တဲ့ AutoRuns for Windows ဆိုတဲ့ Utility လေးလည်း ရှိပါတယ်။ သူကလည်း Start-up မှာ မလိုအပ်တဲ့ apps တွေကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပြီး ဖြုတ်ထုတ်ပစ်နိုင်ပါတယ်။ ကိုယ်မ Run စေချင်တာကို အောက်ဖော်ပြပါအတိုင်း Uncheck လုပ်ပြီး System ကို Reboot ပေးလိုက်ယုံပါပဲ။


ဒါပေမယ့်လည်း “delay” feature မျိုးကို သုံးချင်ရင်ကျတော့ Startup Delayer ဆိုတာကို ထပ်သုံးရပါလိမ့်ဦးမယ်။ Soluto ကတော့ အဲလို ခွဲသုံးနေဖို့ မလိုပါဘူး သူ့ တစ်ခုတည်းမှာတင် “delay” feature ရော တစ်ခြား start-up programs list  ကို စစ်ဆေးတာတွေပါ အားလုံး ပါဝင်ပြီးသားမို့လို့ သုံးဖို့ ပိုအဆင်ပြေစေပါတယ်။


KznT.

0 Responses to “Make your Windows Start-up Faster”

Post a Comment

All Rights Reserved 11Dreams | Blogger Template by Bloggermint