My Blog

ဤ Blog ပါ အကြောင်းအရာများသည် ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ခံစားချက်များ ပါဝင်သကဲ့သို့ အခြားသောနည်းပညာ ဆိုင်ရာ မျှဝေချက် များလည်း ပါဝင်ပါသည်။ ကျွန်ုပ်၏ ကိုယ်ရေး ကိုယ်တာ ခံစားချက်များအား မည်သူ တစ်ဦး တစ်ယောက်ကိုမျှ မျှဝေမှု မပြုလုပ်ကြပါရန်နှင့် နည်းပညာဆိုင်ရာ မျှဝေချက်များအား လွတ်လပ်စွာ ကူးယူ ဝေမျှခွင့် ပြုပါသည်။ ထို့အပြင် ဤ Blog သည် နည်းပညာဝေမျှသော Blog တစ်ခု မဟုတ်ပါ။ ကျွန်ုပ် www.myanmarfamily.org တွင်ရေးသားခဲ့သော စာများအား အမှတ်တရ ပြန်လည်သိမ်းဆည်းထားခြင်း မျှသာ ဖြစ်ပါသည်။  ထို့ကြောင့် ဤ Blog တွင် နည်းပညာဆိုင်ရာ များသာရေးသားမည် မဟုတ်ပဲ ကျွန်ုပ်ရေးသားချင်သော အကြောင်းအရာများအား စိတ်ခံစားချက် အပေါ်တွင်သာ မူတည်၍ လွတ်လပ်စွာ ရေးသားသွားမည် ဖြစ်ပါသည်။ နည်းပညာပိုင်း ဆိုင်ရာများသာ ဖတ်ရှုလေ့လာချင်သော စာဖတ်သူများ အနေဖြင့်  www.myanmarfamily.org တွင် သွားရောက်ဖတ်ရှု နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ကျွန်ုပ် Blog အား လူဝင်ရန် မလိုပါ။ လူသိရန်လည်း မလိုပါ။  နာမည်ကြီးရန် Blog ရေးနေခြင်းလည်း မဟုတ်ပါ။ စိတ်ခံစားချက် နှင့် ဝါသနာအပေါ် အရင်းခံ၍ ကျွန်ုပ်၏  ချစ်ဇနီး ၊ မိသားစု နှင့် အသိအကျွမ်း လူနည်းစု အတွက်သာလျှင် ရည်ရွယ် ရေးသားသော Blog  ဖြစ်သောကြောင့် Publish ပေးထားခဲ့ခြင်း ဖြစ်ပါသည်။  ဤနေရာသည် ကျွန်ုပ်၏ လွတ်လွပ်သော စိတ်ခံစားမှုနယ်မြေ ဖြစ်ပါသဖြင့် စာဖတ်သူ၏ လိုလားချက်နှင့် ကိုက်ညီမှု မရှိသော Posts များ ပါရှိခဲ့သော် ခွင့်လွှတ်နားလည် ပေးကြပါရန် နှင့် စာဖတ်သူ၏ ခံစားချက်နှင့် ထပ်တူမကျသော စာသားများ အကြောင်းအရာများ  ပါရှိခဲ့မည် ဆိုလျှင်လည်း Personal blog တစ်ခု၏ စံအဂါင်္ရပ် တစ်ခုအဖြစ် သတ်မှတ်၍ ဥပက္ခာပြုပေးနိုင်ကြစေရန် ကြိုတင် အသိပေးအပ်ပါသည်။  အများအကျိုးအတွက် တန်ဖိုးရှိစေမည့် Posts များအား ဤ Blog တွင်မှ မဟုတ်ပဲ www.myanmarfamily.org တွင် ကျွန်ုပ် KznT နာမည်ဖြင့်ပင် တတ်အားသရွေ့ ဝေမျှ ပေးနေပါသည်။ ထိုနေရာမှလည်း ဖတ်ရှုနိုင်ပါသည်။ မည်သို့ပင်ဆိုစေ ကျွန်ုပ်၏ အားထုတ်မှုအား စာဖတ်သူ အသိ အမှတ် ပြုသည် ဆိုလျှင် ကျေနပ်ပါသည်။ အေးချမ်းစွာ ခံစား၍ - လွတ်လပ်စွာ မျှဝေနိုင်ကြပါစေ။

KznT.

0 Responses to “My Blog”

Post a Comment

All Rights Reserved 11Dreams | Blogger Template by Bloggermint